ဇော်ထွန်းနိုင်ဆိုတဲ့ကျနော်ကအခု တစ်ကောင်ကြွက်ဖြစ်နေပြီ။ငယ် ငယ်ကတည်းကအမေဆုံးတယ်။ ကျောင်းပြီးတော့အဖေဆုံးပါးသွား ပြန်တယ်။လူ့လောကအလယ်မှာ တစ်ယောက်တည်းကျန်နေတယ်။ ပျင်းရိစရာအရမ်းကောင်းတယ်။ ဒါတောင်မှအဖေကနေစရာအခန်း လေးတခန်းပေးထားခဲ့ပြီးပညာ လေးတတ်အောင်ကျောင်းထားပေးခဲ့လို့ပါ။ ကျနော်မှာနေထိုင်ဖို့အိမ်ရှိတယ်။အဲဒီအတွက်စိတ်မပူရဘူး၊ ဒါပေမယ့်ငွေမရှိဘူး။ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်ရင်းကခင်ခင်ငြိမ်းဆိုတဲ့မိန်းကလေးနှင့်တွေ့ကြတယ်။ ခင်ခင်ငြိမ်းကလည်းနယ်ကပဲအဆောင်မှာနေရင်းအလုပ်လာလုပ်တာပါ။ တစ်ယောက်နှင့်တစ်ယောက်ဖေးမကူညီကြရင်းနီးစပ်လာခဲ့တယ်။ ကုမ္ပဏီက(စီအီးအို) ကလည်းသဘော ကျတယ်။ရိုးသားတဲ့အပြင်လုပ်ငန်းစီစဉ်တာကောင်းမွန်တဲ့အတွက်သူ ဌေးကလည်းချစ်တယ်။အစက တော့ကျနော်ခင်ခင်ငြိမ်းအပေါ်ရိုးရိုးသားသားပဲခင်တယ်။စနောက်တာ တော့ရှိတယ်။ခင်ငြိမ်းလဲဒီလိုပဲနေ မှာပါ။ဒါပေမယ့်ခင်ငြိမ်းကကျနော့်အတွက်ဆိုရင်စေတနာပိုပါတယ်။ ယောက်ကျားလေးကတစ်ယောက်တည်းဘဝဆိုတော့ကောင်းကောင်းချက်မစားနိုင်ဖြစ်သလိုပဲ ချက်ပြုတ်စားသောက်တတ်တာ။ သူကတော့သူ့ဘာသာချက်ပြုတ်စားတတ် တဲ့အတွက်အမြဲပဲကျနော့်အတွက်ဟင်းပိုထည့်ခဲ့တယ်။ ”ခင်ငြိမ်း ဘာချ က်လာသလဲ”